Atta Kyaw is a leading contemporary writer in Burma, who has done groundbreaking work in writing on sex-education, which is a taboo topic in Burma. He has also been an outspoken proponent for LGBT rights. This is a blog post of his relating the recent first ever celebration of IDAHO (International Day Against Homophobia) in Burma to his personal thoughts on queer sexuality and the need for acceptance.

အတ္တကျော်ရဲ့ စာပေါင်းစုံ

လနှစ်ချောင်းငင်များသာ

၂၀၁၀ ပြည့်နှစ် မေလ ၁၇ ရက်နေ့တုန်းက ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှာ မြန်မာလူငယ်တွေ စုဝေး ကျင်းပတဲ့ “လိင်တူတပ်မက်သူများအား မုန်းတီး စက်ဆုပ်မှု ဆန့်ကျင်ရေး နိုင်ငံတကာနေ့” (International Day Against Homophobia)အခမ်းအနားကို တက်ရောက်ပြီး အမှတ်တရ စကားပြောပေးဖို့ ကျွန်တော့်ကို လှမ်းဖိတ်တာနဲ့ သွားခဲ့ဖူးပါတယ်။

ကျွန်တော့်ရဲ့ “သားငယ်တို့ နားလည်ဖို့”စာအုပ်နဲ့ “ယောက်ျားသားချင်း ပွင့်ပွင့်လင်း”ဆိုတဲ့ စာအုပ်များမှာ လိင်တူချင်း တပ်မက်မှုဟာ ပြုပြင် တားဆီးလို့ မရတဲ့ မွေးရာပါ စိတ်ကိုင်းညွတ်မှုသာ ဖြစ်ကြောင်း၊ ဘယ်သန်၊ ညာသန်များလိုပဲ သန်ရာသာ ဖြစ်တဲ့အကြောင်းနဲ့ လိင်တူချင်းတပ်မက်သူများထဲမှာလည်း ထူးချွန်ထက်မြက်သူတွေ အများအပြား ရှိတဲ့အကြောင်းကို ဆွေးနွေးခဲ့ဖူးပါတယ်။ အဲဒီ့စာတွေထဲက တချို့ကို ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား လိင်တူတပ်မက်သူများ အသိုင်းအဝိုင်းအတွက် ထုတ်ဝေတဲ့ စာစောင်ထဲမှာ ထည့်သွင်းဖော်ပြဖို့ ကျွန်တော့်ကို လှမ်းခွင့်တောင်းခဲ့ဖူးရာက သူတို့ ကျွန်တော့်ကို ဆက်သွယ်လာကြတာပါ။

လိင်တူချင်းတပ်မက်မှုနဲ့ ပတ်သက်လို့ ကျွန်တော့်သဘောထားက ရှင်းပါတယ်။ လူပဲ၊ သူကြိုက်ချင်တာ ကြိုက်ပေါ့။ သူ စွဲလန်းချင်တာ စွဲလန်းပေါ့။ ကိုယ်ကြိုက်တာ၊ ကိုယ်စွဲလန်းတာနဲ့ မတူတိုင်း  သူမှားတယ်၊ ကိုယ် မှန်တယ် ပြောနေရမှာမျိုးမှ မဟုတ်တာ။ အဲသလိုပဲ နားလည်ပါတယ်။

ပိုဆိုးတာက ကျွန်တော့်မှာ ဘယ်ဘဝက ရေစက်လဲတော့မသိဘူး။  ကျွန်တော် လူမှန်း သိကတည်းက စတင် တွေ့ဆုံခဲ့ဖူးတာက ဆွေမျိုးလို နေနေတဲ့ ယောကျာ်းလျာတစ်ဦးဖြစ်ပါတယ်။ သူ့ကို ကျွန်တော်က ဒေါ်ဒေါ်လို့ မခေါ်ရပါဘူး။ “လေးလေး”လို့သာ ခေါ်ခဲ့ရပါတယ်။ သူက အသား ဖြူဖြူ၊ မျက်နှာချောချောနဲ့ပေမယ့် ဒေါင်းတိမောင်းတိပါပဲ။ စီးရင်လည်း ယောက်ျားစီး၊ အလယ်က ဘားတန်းပါ စက်ဘီးကိုပဲ စီးပါတယ်။ ကျွန်တော် သူ့ကို စတင်မြင်ဖူးချိန်က ကျွန်တော့်အသက်က ငါးနှစ် မပြည့်သေး။ သူ့ အသက်က ၃၀ ကျော်လောက် ရှိပါပြီ။

အဲလိုနဲ့ နေလာလိုက်တာ ကျွန်တော့်မျက်စိအောက်မှာ ယောက်ျားလျာ၊ မိန်းမလျာ ပေါင်းစုံနဲ့ ဆုံဖူးခဲ့ပါတယ်။ တချို့ဆို ကျွန်တော်တို့ကို စာသင်တဲ့ ဆရာ၊ ဆရာမတွေ ဖြစ်ပါတယ်။ မှတ်မှတ်ရရ၊ ကျွန်တော့် ဘဝမှာ လိင်တူချင်းတပ်မက်တဲ့ ဆရာ သုံးဦးနဲ့ ဆုံဖူးတယ်။ သုံးဦးစလုံးဟာ စာတော်သူတွေ ဖြစ်ကြသလို အင်မတန်လည်း အသင်အပြကောင်းကြပါတယ်။…

View original post 610 more words

Leave a comment